Tuesday, March 6, 2012

ခေါင်းစဉ် ပေးရန်မလို

မင်းအပေါ်ယုံကြည်ခဲ့မိတဲ့ ငါ့...ယုံကြည်စိတ်တွေကို
ငါ...မုန်းချင်လိုက်တာကွယ် ဘာပဲဖြစ်ဖြစ်
တင်ကျန်ခဲ့တဲ့ ငါ့...ပါပြင်ပေါ်က မျက်ရည်စက်တွေကြားမှာ
မင်း...ရှိနေပါသေးတယ်  ဘယ်မှာဝေးလို့လဲ
ငါ့...ငိုကြွေးခြင်းတွေ မကုန်ဆုံးသမျှ
ငါ့...ပါးပြင်ပေါ်မှာ မင်း...ရှိနေပါသေးတယ်
ဘယ်လိုမေ့ရမလဲ မုန်းဖို့စကား
မင်း...ပြောသွားပေမဲ့ မေ့တတ်အောင်သင်ပေးဖို့
လိုနေသေးတယ်လေ...


                  သစ္စာမဲ့တယ်လို့ ပြောရအောင်လည်း
                 မင်း နဲ့ ငါ သူစိမ်းတွေမှမဟုတ်ပဲ
                 တို့နှစ်ယောက် သစ္စာတရားကို
                တို့နှစ်ဦးအသိဆုံးပါကွယ်
                စိတ်တွေကိုလျော့ချလိုက်တဲ့အခါကျမှ
               မင်း...ငါ့ကိုမုန်းလိုက်တာဟာ
              မှန်ကန်မှုတစ်ခုပေပဲ။.....။
သံသရာအဆက်ဆက် တွယ်ယှက်မဲ့ ငါ့...လက်တွေကို
ဖြုတ်ချနိုင်ရက်တာကိုတော့ ငါ...ရင်နာတယ်
ငါ့...တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်နေတာတောင်မှ
ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နိုင်စွမ်းရှိတဲ့
မင်း...ရဲ့ခံနိုင်ရည်အားကို ငါ...လိုချင်လိုက်တာ
    ဇာတ်လမ်းတစ်ခုပြီးဆုံးသွားပြီလို့
   တည်တည်ငြိမ်ငြိမ်ကြေငြာလိုက်တဲ့
   မင်း...ရဲ့
   တစ်ခွန်းသောစကားက
  ငါ့...အနာဂါတ်တွေကို
  ချိုးဖျက်လိုက်တာပါလို့
  မင်းသိအောင်
  ဘယ်လိုပြောရမလဲနော်...
ငါ...နေရဲပါတယ်
ကြေကွဲခြင်း
ရင်နင့်ခြင်း
သတိရခြင်း
တမ်းတခြင်းများနဲ့
အဖော်ပြုလို့(မျက်ရည်များကိုခဏခဏဖယ်သုတ်ရင်း)
ငါ...နေရဲပါတယ်
ယုံလိုက်စမ်းပါကွယ်...
လက္ဖက်ရည်မကြိုက်ပဲနဲ့ ငါ့...ကိုချစ်လွန်းလို့
တစ်ဝက်တိတိသောက်ခဲ့တဲ့
မင်း...ရဲ့လိုက်လျောခြင်း
လက္ဖက်ရည်ခွက်လေးတွေကို
ငါ...သတိရလိုက်တာ
တို့နှစ်ဦးတွေ့ဆုံခဲ့ကြတဲ့
အုတ်နံရံကြီးပေါ်က
ရက်စွဲလေးတွေကို
ငါ့...သတိရလိုက်တာ။....။

အိမ်မက်တွေအကြောင်း
တွေ့ခွင့်မရတဲ့နေရက်တွေအကြောင်း
အုတ်နံရံပေါ်ကရက်စွဲလေးတွေအကြောင်း
လက်တွဲရင်း
ဖေးမရင်းပြောခဲ့ကြတဲ့
ရထားလမ်းလေးကိုသတိရလိုက်တာ
ငါ...သတိရဆုံးကတော့
တို့နှစ်ဦးဆုံနေကျ
အုတ်နံရံပေါ်ကရက်စွဲလေးတွေကိုပါ
အဲဒီရက်စွဲလေးတွေဟာ
ဘယ်လောက်ထိခိုင်မြဲသလဲဆိုရင်
မိုးရွာရုံ
နေပူရုံ
နှင်းပက်ရုံ နှင့်
မှုန်မွှားပျောက်ပြယ်မသွားဘူးလေ။.....။
   (ဆက်ရန်ရှိသေးသည်)

No comments:

Post a Comment