အတိတ်ရဲ့ညဥ့်နက်နက်မှာ...
အိပ်စက်ချင်းတွေကို..အိပ်မမက်ရဲခဲ့ဘူး
ဆုံနိုင်ခက်ခဲ့တာတောင်
ဖြေသိမ့်ချင်းတွေပေးခဲ့တာ...
အချစ်အလွမ်းရှိမယ်ဆိုတာ
မင်းကပဲမသိတက်ခဲ့တာလား??
ရက်စက်လိုက်ပါလားကွာ..
အမှတ်ရစရာ မဖြစ်နိုင်တဲ့
ငါ့နှစ်သိမ့်ခြင်းတွေမှာ...
ဘာလို့များခိုဝင်နေသေးတာလည်း??
တကယ်တော့မင်းကို
နှလုံးသားထဲမှာပဲ နားခိုစေချင်တာပါ
ပုခုံးဖျားမှာနားခိုဘို့မဖိတ်ရဲခဲ့ဘူး
ကြမ်းရှရှထွေးပိုက်ခြင်းတွေမှာ
မင်းအတောင်ပံတွေ
အနာတရဖြစ်မှာ
ငါစိုးတယ်.....ချစ်သူ..
Thursday, March 29, 2012
Thursday, March 15, 2012
*♥♥✿♥✿♥✿ဧည်သည်တိုင်းရဲ့လမ်းခရီး(၁)♥✿♥✿♥✿ ♥*
လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီးတစ်ကိုယ်တည်း
ပြန်သွားတော့လည်းတစ်ယောက်တည်းနော်
လက်တွဲခေါ်ကာဖော်မပါဘူး
ဥစ္စာချည်းနှီးတစ်ကိုယ်တည်း
လာပြီးတော့ နားမသွားသေးခင်
ချိန်လေးတွင်းမှာ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသလိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်စောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။...........
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီးတစ်ကိုယ်တည်း
ပြန်သွားတော့လည်းတစ်ယောက်တည်းနော်
လက်တွဲခေါ်ကာဖော်မပါဘူး
ဥစ္စာချည်းနှီးတစ်ကိုယ်တည်း
လာပြီးတော့ နားမသွားသေးခင်
ချိန်လေးတွင်းမှာ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသလိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်စောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။...........
Tuesday, March 6, 2012
ခေါင်းစဉ် ပေးရန်မလို
မင်းအပေါ်ယုံကြည်ခဲ့မိတဲ့ ငါ့...ယုံကြည်စိတ်တွေကို
ငါ...မုန်းချင်လိုက်တာကွယ် ဘာပဲဖြစ်ဖြစ်
တင်ကျန်ခဲ့တဲ့ ငါ့...ပါပြင်ပေါ်က မျက်ရည်စက်တွေကြားမှာ
မင်း...ရှိနေပါသေးတယ် ဘယ်မှာဝေးလို့လဲ
ငါ့...ငိုကြွေးခြင်းတွေ မကုန်ဆုံးသမျှ
ငါ့...ပါးပြင်ပေါ်မှာ မင်း...ရှိနေပါသေးတယ်
ဘယ်လိုမေ့ရမလဲ မုန်းဖို့စကား
မင်း...ပြောသွားပေမဲ့ မေ့တတ်အောင်သင်ပေးဖို့
လိုနေသေးတယ်လေ...

Saturday, February 25, 2012
ဝေမျှတာလေးပါ
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။
Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ရှင်။
မိုးသား ဖြူ
@ http://www.myanmarmobileapp.com/?p=5831
ဖုန်းနဲ့ပက်သက်တာလေးတွေဖတ်မိလို့ မသိသေးသော သူများအတွက် ဖြန့်ဝေခြင်းဖြစ်ပါသည်။ ဖုန်းနဲ့ပက်သက်တာတွေ အနော်မစမ်းဖူးဘူးနော်။ သူတို့ပြောတဲ့အတိုင်းသာ လုပ်ကြည့်။ အဆင်မပြေရင်လည်း မပူနဲ့ မူရင်းလင့်ပေးထားတယ် ။ တခါတည်း မေးလို့ရအောင်။
ဖုန်းရှိသော ကိုကို ၊ မမ၊ ညီလေး၊ ညီမလေး ၊သူငယ်ချင်းများ ကလိနိုင်ကြပါစေ./
Sunday, February 19, 2012
@စကားကြီး(၁၀)မျိုး @
ရေကူးညာတင်၊ကောက်ပင်ရိတ်လှီး၊ရေစီးဖောင်ဆန်၊အိုးတန်ဆန်ခပ်၊ဆီပွတ်ကျည်ပွေ့၊ဆင်ဝှေ့ရန်ရှောင်၊
တောင်သူယာခုတ်၊ကြက်ဆုတ်ခွပ်ပစ်၊ရေစစ်ကရား၊ခက်တင်မောင်းနင်း ဆိုခြင်းစကား "ဤဆယ်ပါး"
(၁)။ရေကူးညာတင်ပြောနည်း
မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည် အခါ မြစ်ညာဘက်မှစ၍ကူးမှသာ၊လိုရာသို့ ရောက်သလို၊စကား
ပြောသည့်အခါလည်း လိုရာရောက်အောင် အထက်ကတင်ကူး၍ပြောနည်းကိုခေါ်သည်။
(၂)။ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သည့်အခါတစ်နိုင်ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင် နိုင်နိုင်ဆုပ်ကိုင်ပြီးမှအခြားလက်
တစ်ဖက်က တံဇဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသကဲ့သို့ စကားပြောရာတွင်လည်း တစ်ဘက်လူ၏စကားကို သိမ်းကျုံးဖမ်းဆုတ်ပြီး အခြေအမြစ် ကိုင်၍ပြောနည်းကိုခေါ်သည်။
(၃)။ရေစီးဖောင်ဆန်ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းဖြည်းသာသာ ဆန်တက်သဖြင့် လိုရာခရီးရောက်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျ တို့ဖြင့် ဖြည်းညင်းသာယာစွာလိုရာရောက်အောင် ပြောခြင်းကိုခေါ်သည်။
(၄)။အိုးတန်ဆန်ခပ်ပြောနည်း
ထ္မင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာစားသုံးရသကဲ့သို့ စကားကိုမယုတ်မလွန်နှင့်လိုရာရောက်အောင် ပြောဆိုခြင်းကိုခေါ်သည်။
(၅)။ဆီပွတ်ကျည်ပွေ့ပြောနည်း
ဆီဆုံထဲတွင်နှမ်း(သို့)မြေပဲထည့်၍ ကျည်ပွေ့ဖြင့်အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကားကို အောင်မြင်အောင် ပြောခြင်းကိုခေါ်သည်။
(၆)။ဆင်ဝှေ့ရန်ရှောင်ပြောနည်း
ဆင်ဝှေ့ရန်အလိုက်ခံရသည့် လွတ်ရာရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွဲ ပြောဆိုခြင်းကိုခေါ်သည်။
(၇)။တောင်သူယာခုတ်ပြောနည်း
တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေ့ဦးစွာချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကိုခုတ်လဲကြသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွားပြောပြီးမှ စကားကြီးများကို ပြော၍ အနိုင်ယူခြင်းကိုခေါ်သည်။
(၈)။ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ယန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကိုဦးစွာလိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကိုခေါ်သည်။
(၉)။ရေစစ်ကရားပြောနည်း
ရေစစ်သောဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျင်အပေါက်ကို လက်ဖြင့်ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဖက်လူ`စကားကိုပိတ်မိအောင်ပြောခြင်း ကိုခေါ်သည်။
(၁၀)။ခက်တင်မောင်းနင်းပြောနည်း
တစ်ဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်းမငြင်း မတင်မကျပြောသောစကားကိုခေါ်သည်။

Saturday, February 18, 2012
"မပြောပါရစေနဲ့"
ရင်ခွင်ရဲ့ အနက်ရှိုင်းဆုံးပင်လယ်ထဲက
ချစ်တယ်ဆိုတဲ့ စကားတစိခွန်းရဲ့ နောက်ကွယ်မှာ
အမှားအရွင်းနဲ့ အတ္တအသွယ်သွယ်
တစ်နွယ်ငင်တစစဉ်ပါမှာကို ကြိုတင်စိုးရွံတတ်ပြီမို့ပါ...
ပါးစပ်တံခါးကို အပ်ဖျားနဲ့ထိုးဆိတ်ပြီး
တိုးတိုးတိတ်တိတ် ဖိတ်ဖိတ်ပင်ပင်
ဆင်ချင်ရပ်နား ပြတ်ပြတ်သားသား
စည်းခြားထားခဲ့ရသူပါ...
ရင်မကွဲချင်လို့ ရင်ထဲကိုထည့်မထားသူမို့
အပြစ်ဖို့မယ်ဆိုရင်လည်း ရင်အကွဲခံပြီး
ရှင်ကွဲဒဏ်ကိုသာ ခံယူချင်တဲ့သူပါ...
မပြောပါစေနဲ့...
ချစ်တယ်လို့ မပြောပါရစေနဲ့..........

ကဗျာ
"နေ့ပြန်တိုး"
ဘ၀က လေထဲမှာ တိုက်အိမ်ဆောက်နေတယ်...။
မျှော်လင့်ချက်က မိုးကောင်းကင်မှာ...။
နင်မိထားတဲ့မြေကြီးရေ အချစ်ခဏငှားပါ...။
အသည်းကွဲရင်ပြန်ပေးမယ်...။
ဘ၀က လေထဲမှာ တိုက်အိမ်ဆောက်နေတယ်...။
မျှော်လင့်ချက်က မိုးကောင်းကင်မှာ...။
နင်မိထားတဲ့မြေကြီးရေ အချစ်ခဏငှားပါ...။
အသည်းကွဲရင်ပြန်ပေးမယ်...။
ကဗျာ
"မသင့်မြတ်ကြသူများ"
ဟမ်ဘာဂါနှင့်ထ္မင်းကြမ်း..
ဘီယာနဲ့သံပုရာရေ..
ချောကလက်နှင့်ထန်းလျက်..
ပင်လယ်အစားအစာနှင့်လယ်ကြွက်..
အချစ်နှင့်ငွေစက္ကူ....
ဟမ်ဘာဂါနှင့်ထ္မင်းကြမ်း..
ဘီယာနဲ့သံပုရာရေ..
ချောကလက်နှင့်ထန်းလျက်..
ပင်လယ်အစားအစာနှင့်လယ်ကြွက်..
အချစ်နှင့်ငွေစက္ကူ....
သိမှတ်ဖွယ်ရာ
"ပစ္စုန်ပန်အမှားကြောင့် ဖြစ်စေ၊သံသရာတစ်ခုခုကအကုသိုလ်ကြောင့်ဖြစ်စေ ၀ဋ်ကြွေးခံရတတ်တယ်။ဝဋ်ကြွေးဆိုတာ ကျေအောင်ဆပ်ရတယ်၊ကျေအောင်ဆပ်ပြီးရင် နောက်ထပ် အကြွေးမတင်စေနဲ့တော့၊အရင်ကလည်း အကြွေးလဲမကျေ နောက်ထပ်ကြွေးသစ်ကထပ်တင်ဦးမယ်ဆိုရင် ဒီအကြွေးသံသရာ ထဲကလွတ်ပါ့ဦးမလား။မိုက်မှား နေသူအားလုံးဟာ အကြွေးယူနေတဲ့သူတွေပဲ၊ယူနေတုန်းတော့မသိဘူးပေါ့။ပြန်ဆပ်ရမဲ့ အချိန်ကြရမှသိကြရမှာ။
"ငါမယား၊ငါ့သား၊ငါ့ဥစ္စာ၊ငါ့ခန္ဓာ လို့ ငါစွဲစွဲ နေသမျှ လောဘ၊ဒေါသ တွေငြိမ်းမှာမဟုတ်ဘူး။နတ်၊လူ သာဓုခေါ်ဖို့ထက် ကိုယ့်ကိုယ် ကိုသာဓုခေါ်နိုင်အောင် အရင်ကြိုးစားပါ၊"
"အဆိပ်ရှိတဲ့ သတ္တ၀ါတွေနဲ့ သားရဲပေါတဲ့ တောနက်ထဲကို ခရီး ကျွံမိတယ်ဆိုပါတော့။လမ်းမှားပြီ ၀င်မိတယ်ဆိုပါတော့၊လမ်းများတာကို သိလိုက်တဲ့ အချိန်မှာ လမ်းမှားပြီဆိုပြီ မှန်တဲ့ဘက်ကိုပြောင်းလျှောက်မလား၊မထူးပါဘူးဆိုပြီး သားရဲပေါတဲ့တောထဲကို ပဲဆက်လျှောက်မလား"

Tuesday, January 24, 2012
အချစိဆိုတာ
အချစ်ဆိုတာ
နားခိုရာအရိပ်ပါကွာ...
ရင်မှာမင်းအတွက်
မျှော်လင့်ချက်နဲ့
သိုဝှက်...............
ချစ်အိမ်ဆောက်ထားမယ်....
(လွမ်းအောင်ချစ်)
နားခိုရာအရိပ်ပါကွာ...
ရင်မှာမင်းအတွက်
မျှော်လင့်ချက်နဲ့
သိုဝှက်...............
ချစ်အိမ်ဆောက်ထားမယ်....
(လွမ်းအောင်ချစ်)
Subscribe to:
Posts (Atom)