Saturday, February 18, 2012

"မပြောပါရစေနဲ့"
ရင်ခွင်ရဲ့ အနက်ရှိုင်းဆုံးပင်လယ်ထဲက
ချစ်တယ်ဆိုတဲ့ စကားတစိခွန်းရဲ့ နောက်ကွယ်မှာ
အမှားအရွင်းနဲ့ အတ္တအသွယ်သွယ်
တစ်နွယ်ငင်တစစဉ်ပါမှာကို ကြိုတင်စိုးရွံတတ်ပြီမို့ပါ...
ပါးစပ်တံခါးကို အပ်ဖျားနဲ့ထိုးဆိတ်ပြီး
တိုးတိုးတိတ်တိတ် ဖိတ်ဖိတ်ပင်ပင်
ဆင်ချင်ရပ်နား ပြတ်ပြတ်သားသား
စည်းခြားထားခဲ့ရသူပါ...
ရင်မကွဲချင်လို့ ရင်ထဲကိုထည့်မထားသူမို့
အပြစ်ဖို့မယ်ဆိုရင်လည်း ရင်အကွဲခံပြီး
ရှင်ကွဲဒဏ်ကိုသာ ခံယူချင်တဲ့သူပါ...
မပြောပါစေနဲ့...
ချစ်တယ်လို့ မပြောပါရစေနဲ့..........

No comments:

Post a Comment