Saturday, February 18, 2012

"မပြောပါရစေနဲ့"
ရင်ခွင်ရဲ့ အနက်ရှိုင်းဆုံးပင်လယ်ထဲက
ချစ်တယ်ဆိုတဲ့ စကားတစိခွန်းရဲ့ နောက်ကွယ်မှာ
အမှားအရွင်းနဲ့ အတ္တအသွယ်သွယ်
တစ်နွယ်ငင်တစစဉ်ပါမှာကို ကြိုတင်စိုးရွံတတ်ပြီမို့ပါ...
ပါးစပ်တံခါးကို အပ်ဖျားနဲ့ထိုးဆိတ်ပြီး
တိုးတိုးတိတ်တိတ် ဖိတ်ဖိတ်ပင်ပင်
ဆင်ချင်ရပ်နား ပြတ်ပြတ်သားသား
စည်းခြားထားခဲ့ရသူပါ...
ရင်မကွဲချင်လို့ ရင်ထဲကိုထည့်မထားသူမို့
အပြစ်ဖို့မယ်ဆိုရင်လည်း ရင်အကွဲခံပြီး
ရှင်ကွဲဒဏ်ကိုသာ ခံယူချင်တဲ့သူပါ...
မပြောပါစေနဲ့...
ချစ်တယ်လို့ မပြောပါရစေနဲ့..........

ကဗျာ

"နေ့ပြန်တိုး"
ဘ၀က လေထဲမှာ တိုက်အိမ်ဆောက်နေတယ်...။
မျှော်လင့်ချက်က မိုးကောင်းကင်မှာ...။
နင်မိထားတဲ့မြေကြီးရေ အချစ်ခဏငှားပါ...။
အသည်းကွဲရင်ပြန်ပေးမယ်...။

ကဗျာ

"မသင့်မြတ်ကြသူများ"
ဟမ်ဘာဂါနှင့်ထ္မင်းကြမ်း..
ဘီယာနဲ့သံပုရာရေ..
ချောကလက်နှင့်ထန်းလျက်..
ပင်လယ်အစားအစာနှင့်လယ်ကြွက်..
အချစ်နှင့်ငွေစက္ကူ....

သိမှတ်ဖွယ်ရာ

"ပစ္စုန်ပန်အမှားကြောင့် ဖြစ်စေ၊သံသရာတစ်ခုခုကအကုသိုလ်ကြောင့်ဖြစ်စေ ၀ဋ်ကြွေးခံရတတ်တယ်။ဝဋ်ကြွေးဆိုတာ ကျေအောင်ဆပ်ရတယ်၊ကျေအောင်ဆပ်ပြီးရင် နောက်ထပ် အကြွေးမတင်စေနဲ့တော့၊အရင်ကလည်း အကြွေးလဲမကျေ နောက်ထပ်ကြွေးသစ်ကထပ်တင်ဦးမယ်ဆိုရင် ဒီအကြွေးသံသရာ ထဲကလွတ်ပါ့ဦးမလား။မိုက်မှား နေသူအားလုံးဟာ အကြွေးယူနေတဲ့သူတွေပဲ၊ယူနေတုန်းတော့မသိဘူးပေါ့။ပြန်ဆပ်ရမဲ့ အချိန်ကြရမှသိကြရမှာ။
"ငါမယား၊ငါ့သား၊ငါ့ဥစ္စာ၊ငါ့ခန္ဓာ လို့ ငါစွဲစွဲ နေသမျှ လောဘ၊ဒေါသ တွေငြိမ်းမှာမဟုတ်ဘူး။နတ်၊လူ သာဓုခေါ်ဖို့ထက် ကိုယ့်ကိုယ် ကိုသာဓုခေါ်နိုင်အောင် အရင်ကြိုးစားပါ၊"
"အဆိပ်ရှိတဲ့ သတ္တ၀ါတွေနဲ့ သားရဲပေါတဲ့ တောနက်ထဲကို ခရီး ကျွံမိတယ်ဆိုပါတော့။လမ်းမှားပြီ ၀င်မိတယ်ဆိုပါတော့၊လမ်းများတာကို သိလိုက်တဲ့ အချိန်မှာ လမ်းမှားပြီဆိုပြီ မှန်တဲ့ဘက်ကိုပြောင်းလျှောက်မလား၊မထူးပါဘူးဆိုပြီး သားရဲပေါတဲ့တောထဲကို ပဲဆက်လျှောက်မလား"