Saturday, February 18, 2012

သိမှတ်ဖွယ်ရာ

"ပစ္စုန်ပန်အမှားကြောင့် ဖြစ်စေ၊သံသရာတစ်ခုခုကအကုသိုလ်ကြောင့်ဖြစ်စေ ၀ဋ်ကြွေးခံရတတ်တယ်။ဝဋ်ကြွေးဆိုတာ ကျေအောင်ဆပ်ရတယ်၊ကျေအောင်ဆပ်ပြီးရင် နောက်ထပ် အကြွေးမတင်စေနဲ့တော့၊အရင်ကလည်း အကြွေးလဲမကျေ နောက်ထပ်ကြွေးသစ်ကထပ်တင်ဦးမယ်ဆိုရင် ဒီအကြွေးသံသရာ ထဲကလွတ်ပါ့ဦးမလား။မိုက်မှား နေသူအားလုံးဟာ အကြွေးယူနေတဲ့သူတွေပဲ၊ယူနေတုန်းတော့မသိဘူးပေါ့။ပြန်ဆပ်ရမဲ့ အချိန်ကြရမှသိကြရမှာ။
"ငါမယား၊ငါ့သား၊ငါ့ဥစ္စာ၊ငါ့ခန္ဓာ လို့ ငါစွဲစွဲ နေသမျှ လောဘ၊ဒေါသ တွေငြိမ်းမှာမဟုတ်ဘူး။နတ်၊လူ သာဓုခေါ်ဖို့ထက် ကိုယ့်ကိုယ် ကိုသာဓုခေါ်နိုင်အောင် အရင်ကြိုးစားပါ၊"
"အဆိပ်ရှိတဲ့ သတ္တ၀ါတွေနဲ့ သားရဲပေါတဲ့ တောနက်ထဲကို ခရီး ကျွံမိတယ်ဆိုပါတော့။လမ်းမှားပြီ ၀င်မိတယ်ဆိုပါတော့၊လမ်းများတာကို သိလိုက်တဲ့ အချိန်မှာ လမ်းမှားပြီဆိုပြီ မှန်တဲ့ဘက်ကိုပြောင်းလျှောက်မလား၊မထူးပါဘူးဆိုပြီး သားရဲပေါတဲ့တောထဲကို ပဲဆက်လျှောက်မလား"

1 comment:

  1. http://sonesieyarmaynmar.blogspot.com
    အနော်၇ဲ့လင့်လေးပါ အလွယ်တစ်ကူ ရယူပါ။

    ReplyDelete